Live Score

 

ဇာဘလက်တာအား ခေါ်ယူရန် ကြိုးပမ်းနေသည့် အင်တာမီလန်

စီးရီးအေ ကလပ် အင်တာမီလန် အသင်းသည် မန်စီးတီး နောက်ခံလူ ဇာဘလက်တာအား ခေါ်ယူရန် အတွက် နူးကမ့်ကွင်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အင်တာမီလန် အသင်း၏ တာဝန်ရှိသူများသည် ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ကစားခဲ့သည့် ဘာစီလိုနာ နှင့် မန်စီးတီး အသင်းတို့၏ ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့ကြပြီး မန်စီးတီး အသင်း၏ ညာနောက်ခံလူ ဖြစ်သည့် ဇာဘလက်တာအား ခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ အသက် (၃၁)နှစ် အရွယ်ရှိ ဇာဘလက်တာသည် ပြီးခဲ့သော နွေရာသီ အပြောင်းအရွှေ့ ကာလတည်းက စီးရီးအေ ကလပ်များသည့် အင်တာ၊ ရိုးမား အသင်းများသို့ ပြောင်းရွှေ့မည်ဟု သတင်းကြီးခဲ့သူ ဖြစ်သော်လည်း မန်စီးတီး အသင်းတွင်သာ ဆက်လက်ရှိနေခဲ့သည်။ သို့သော်လည်း အင်တာမီလန် အသင်း တာဝန်ရှိသူများသည် ဇာဘလက်တာအား ခေါ်ယူနိုင်ရန် ဆက်လက်ကြိုးပမ်းနေပြီး လာမည့် ဇန်န၀ါရီ အပြောင်းအရွှေ့ ကာလတွင် အငှားဖြင့် ခေါ်ယူနိုင်လိမ့်မည်ဟု ယုံကြည်နေကြောင်း သိရသည်။