Live Score

 

စကူဒက်တိုပြိုင်ပွဲ မပြီးဆုံးသေးဟု အယ်လီဂရီဆို

ကိုလံဘီယာတိုက်စစ်မှူး ကွာဒွာဒို၏ ပထမပိုင်း သွင်းဂိုးဖြင့် အင်တာမီလန်ကို အနိုင်ရပြီး ဒုတိယနေရာရှိ နာပိုလီကို ခြောက် မှတ်ဖြတ်ထားလိုက်သော်လည်း စီးရီးအေဖလားပြိုင်ပွဲပြီးဆုံးရန်ဝေးကွာနေဆဲဖြစ်သည်ဟု ဂျူဗင် တပ်နည်းပြ အယ်လီဂရီက ပြော သည်။


လက်ရှိတွင် ခုနစ်မှတ် နောက်ကျန်နေသော ရိုးမားက ဖီအိုရင်တီနားတွင် ဖေဖော်ဝါရီ ၇ ရက်၌ နောက်ကျပွဲအနိုင်ရရှိခဲ့ပါ က ဒုတိယနေရာသို့ တက်လာနိုင် မည်ဖြစ်သည်။ သို့သော် ယခင် သီတင်းပတ်က ဆမ်ဒိုးရီးယား တွင် ၃-၂ ဂိုးဖြင့် ရှုံးထားသော ရိုးမားသည် ဂျူဗီ၏ နိုင်ပွဲအောက် အမှတ်ထပ်မလျော့ရေး ဖိအား များရှိနေသည်။

လက်ရှိခြေစွမ်းပြနေသော အင်တာက ဂျူဗင်တပ်ထံမှ အ နည်းဆုံးအမှတ်ခွဲဝေယူရန် မျှော် လင့်ချက်ဖြင့် ရောက်ရှိလာသော် လည်း အဆုံးသတ်ညံ့ဖျင်းမှုနှင့် ဂျူဗင်တပ်၏ ခံစစ်ကစားပုံ တောင့်တင်းမှုကြောင့် ၎င်းတို့၏ ချန်ပီယံလိဂ်ဝင်ရေး မျှော်လင့်ချက်ထိခိုက်ခဲ့ရသည်။

အီတလီ ချန်ပီယံဖြစ်ရေး ပြိုင်ပွဲ မပြီးဆုံးသေးဟု အယ်လီ ဂရီက အင်တာနှင့်ပွဲအပြီးတွင် ပြောကြားသည့် ‘‘စကူဒက်တို့ ဖလားပေါ် လက်တစ်ဖက်ရောက် နေပြီလို့ ကျွန်တော်တို့ ပြောမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါဟာ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပါ’’ ဟု ပွဲအပြီး သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားသည်။

‘‘နာပိုလီနဲ့ ရိုးမားတို့က အ မှတ်တွေထပ်ယူဦးမှာ သေချာပါ တယ်။ ဒါပေမဲ့ လောလောဆယ် တော့ အင်တာလို ပြိုင်ဘက်မျိုးကို အနားမကပ်နိုင်အောင် လုပ်လိုက် ပါတယ်’’ဟု အယ်လီဂရီက ပြော သည်။ အင်တာသည် ဂျူဗင်တပ် ကို ရှုံးနိမ့်ပြီးနောက် နံပါတ် (၅) နေရာသို့ လျော့ကျသွားသည်။