Live Score

 

ရိုးမားနှင့် အီတလီဂန္ထ၀င်ကစားသမားတော့တီ ယခုရာသီကုန်တွင် အနားယူမည်

ရိုးမားနှင့် အီတလီကစား သမားဖရန်ဆက်စကိုတော့တီ သည် ယခုဘောလုံးရာသီကုန်ချိန် တွင် အနားယူတော့မည်ဟု ရိုး မားအသင်း၏ အားကစားဒါရိုက် တာသစ် ယွန်ချီက ပြောကြား သည်။

 

ရိုးမားအသင်းခေါင်းဆောင် တော့တီ (၄၀) နှစ်သည် ၂၀၁၇- ၁၈ ရာသီကစ၍ အသင်း၏ ဒါ ရိုက်တာဖြစ်လာမည်ဟု ယွန်ချီ က ဆိုသည်။

‘‘တော့တီအကြောင်း ပြောရ ရင် သူဟာ ကစားသမားအနေနဲ့ ဒီနှစ်နောက်ဆုံးကစားပြီး အသင်း ရဲ့ ဒါရိုက်တာလုပ်မယ်လို့ အ သင်းနဲ့ သဘောတူထားပါတယ်’’ ဟု ပြီးခဲ့သည့်လအတွင်း ရိုးမားသို့ ရောက်ရှိလာသော ယခင်ဆီဗီ လာဒါရိုက်တာက ပြောသည်။

‘‘တော့တီဟာ ရိုးမားအ သည်းပါပဲ’’ ဟု ယွန်ချီက ပြော ကြားပြီး အသင်းအကြောင်း သိ ရှိထားသော ကစားသမားထံမှ  ၁ ရာခိုင်နှုန်းဖြစ်ဖြစ် သင်ယူချင် သည်ဟု ယွန်ချီက ဆိုသည်။

တော့တီသည် အသက် (၁၃) နှစ်အရွယ်ကပင် ရိုးမားသို့ ရောက်ရှိခဲ့ပြီး ၁၉၉၃တွင် အသင်း နှင့်အတူ ပွဲထွက်ခဲ့ကာ ရိုးမား အသင်းအတွက် ပွဲပေါင်း ၈၀၀ ခန့် ကစားခဲ့သည်။ သို့သော် လာ မည့်နှစ်အစီအစဉ်များနှင့် ပတ် သက်၍ ကစားသမားထံမှ မည် သည့်အတည်ပြုချက်မျှ မရရှိ သေးပေ။