Live Score

 

စကူဒတ်တိုဖလား စံချိန်တင်သိမ်းပိုက်ပြီးနောက် ဂျူဗင်တပ်နည်းပြ ဖလားသုံးလုံးဆွတ်ခူးလို

ကိုပါအီတာလီယာဖလား ကို သုံးကြိမ်ဆက်တိုက်ဆွတ်ခူး ကာ ယခုရာသီ၏ ဒုတိယဆုဖလား အဖြစ် ခြောက်ကြိမ်ဆက်တိုက် စီးရီးအေဖလားကို ရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် သမိုင်း ၀င်ဖလားသုံးလုံးရယူရန် ဂျူဗင်တပ် နည်းပြ အယ်လီဂရီကအသင်း သားများအား တိုက်တွန်းသည်။

 

ယခုရာသီသည် ပြီးခဲ့သည့် ရာသီနှင့် များစွာကွာခြားပြီး ယခု အခါ မိမိတို့အနေဖြင့် ချန်ပီယံ လိဂ် ချန်ပီယံဆုကို အိပ်မက် မက် နိုင်ပြီဖြစ်ကြောင်း ခရိုတီနီကို၃-၀ဂိုးဖြင့်နိုင်ကာ စီးရီးအေဖလားရပြီး နောက် အယ်လီဂရီကပြောသည်။

ယခု ဗိုလ်လုပွဲသည် မိမိတို့ အတွက် သုံးနှစ်အတွင်း ဒုတိယ ဗိုလ်လုပွဲဖြစ်ပြီး ယင်းအတွက် ၀မ်းသာမိသော်လည်း လောလော ဆယ် ရီးရဲလ်ကို အနိုင်ယူပြီး ချန် ပီယံလိဂ်ဖလားဆွတ်ခူးရန်အရေး အကြီးဆုံးဖြစ်သည်ဟု အယ်လီ ဂရီက ပြောသည်။

ဂျူဗင်တပ်အသင်းသည် စ ကူဒတ်တိုဖလားကို ခြောက်နှစ် ဆက်တိုက်ရယူပြီး လှပသော သမိုင်းသစ်တစ်ရပ် ရေးထိုးနိုင်ခဲ့ သည်ဟု ၀ါရင့်ဂိုးသမားကြီး ဘူ ဖွန်ကလည်း ပြောကြားသည်။

မိမိတို့အသင်း၏ ပြည်တွင်း လိဂ် ကြီးစိုးထားနိုင်မှုကို ကမ္ဘာ တစ်ဝန်းမှ ဘောလုံးပရိသတ်များ ကြာမြင့်စွာ အမှတ်ရနေလိမ့်မည် ဟု ဘူဖွန်က ပြောသည်။

ဇွန်လ ၃ ရက်တွင် စပိန်လာ လီဂါဖလားရထားသော ရီးရဲလ် က ချန်ပီယံလိဂ်ဖလားကို နှစ် ကြိမ်ဆက်တိုက်ရရှိရန် ကြိုးပမ်း မည်ဖြစ်ပြီး ဂျူဗင်တပ်က တစ်ရာ သီအတွင်း ဖလားသုံးလုံးရရှိရန် ကြိုးပမ်းမည်ဖြစ်သည်။