Login

Live Score

 

ဖီအိုရင်တီးနားမှ ဘာနာဒက်ချီကို ဂျူဗင်တပ် ယူရိုသန်း ၄၀ ဖြင့် ခေါ်ယူမည်

ဖီအိုရင်တီးနားအသင်းမှ အီတလီတောင်ပံကစားသမား ဖက်ဒရီကိုဘာနာဒက်ချီကို စီးရီး အေချန်ပီယံ ဂျူဗင်တပ်က ယူရို သန်း ၄၀ ဖြင့် အပြီးသတ်ခေါ်ယူ မည်ဖြစ်သည်။

 

စီးရီးအေပြိုင်ဘက် ဖီအိုရင် တီးနားအတွက် ပြီးခဲ့သည့်ရာသီ က လိဂ်ဂိုး ၁၁ ဂိုး သွင်းယူခဲ့သော ဘာနာဒက်ချီ (၂၃)နှစ်ကို ဂျူဗင် တပ်က ခေါ်ယူရန် ပစ်မှတ်ထား နေသည်မှာ ကြာပြီဖြစ်ကာ ယခု အခါ နှစ်သင်းကြား သဘောတူညီ မှုရရှိထားပြီဖြစ်သည်။

ဘာနာဒက်ချီကို ဂျူဗင်တပ် က ၂၀၂၂ အထိ သက်တမ်းရှိ စာ ချုပ်တစ်ရပ်ဖြင့် ကနဦးယူရိုသန်း ၄၀ ဖြင့် ခေါ်ယူမည်ဖြစ်ကာ ၎င်း သည် တစ်ရာသီ ယူရို လေးသန်း ရရှိမည်ဖြစ်သည်။

ဂျူဗင်တပ်သည် ယခုနွေရာ သီတွင် ဘိုင်ယန်မှ ဒေါက်က လပ်စ်ကော်စတာကိုလည်း အ ငှားစာချုပ်ဖြင့် ခေါ်ယူထားကာ အပြီးသတ်ခေါ်ယူခွင့် သတ်မှတ် ချက်ပါဝင်သည်။

ဘာနာဒက်ချီသည် ဂျူဗင် တပ်တွင် ဆေးစစ်ဆေးမှုမခံယူရ သေးသော်လည်း ၎င်း၏ အသင်း ပြောင်းရွှေ့မှုနှင့်ပတ်သက်၍ သ ဘောတူညီမှုရထားပြီဖြစ်သည်။