Live Score

 

ဂျူဗင်တပ်ကစားသမား ဘိုနူချီကို အေစီမီလန် အပြီးသတ်ခေါ်ယူ

စီးရီးအေပြိုင်ဘက် ဂျူ ဗင်တပ်မှ အီတလီနောက်ခံလူ လီယိုနာဒိုဘိုနူချီကို ယူရို ၄၂ သန်းခန့်ဖြင့် ငါးနှစ်စာချုပ်၍ခေါ်ယူလိုက် ကြောင်း အေစီမီလန်အသင်းက အတည်ပြုကြေညာသည်။

ဘိုနူချီ (၃၀)နှစ်ကို ခေါ်ယူ ရန် အေစီမီလန်က ပြီးခဲ့သည့် သောကြာနေ့က သဘောတူညီမှု ရခဲ့ပြီး ယခုတရားဝင်ရောက်လာ ခြင်းဖြစ်သည်။

 

ယခုနွေရာသီတွင် ကစားသ မားသစ်များအတွက် ငွေအ မြောက်အမြားသုံးစွဲနေသော အေ စီမီလန်သည် အန်ဒရီဆေးလ်ဗား၊ အန်ဒရီယာကွန်တီ၊ အန်တိုနီယို ဒွန်ဒါရွမ်မာတို့ကို ခေါ်ယူထား သည်။

အေစီမီလန်က နည်းပြ အယ်လီဂရီနီ၏ ဂျူဗင်တပ်အ သင်း စီးရီးအေကို ခြောက်နှစ် ကြာကြီးစိုးမှုနှင့် ကိုပါအီတာလီ ယာဖလား သုံးကြိမ်ဆက် သိမ်း ပိုက်ထားမှု အဆုံးသတ်နိုင်ရန် မျှော်လင့်ထားသည်။

ထိုအတောအတွင်း ဂျူဗင် တပ်က ပီအက်စ်ဂျီသို့ ထွက်ခွာ သွားသော ညာနောက်ခံလူ ဒန်နီ အဲလ်ဗက်စ်နေရာတွင် အစားထိုး ရန် အေစီမီလန်မှ မက်တီယာဒီ စကီဂလီယိုကို ယူရို ၁၂ သန်းဖြင့် ငါးနှစ်စာချုပ် ခေါ်ယူလိုက်သည်။

အီတလီလက်ရွေးစင်ညာ နောက်ခံလူ စကီဂလီယိုသည် အေစီမီလန်သို့ အာဆင်နယ် ဂိုး သမား ဆက်ဇနီရောက်လာပြီး နောက်တစ်ရက်အကြာတွင် ထပ် မံရောက်လာသော ကစားသမား ဖြစ်သည်။

စီးရီးအေကလပ်များ၏ အပြိုင်အင်အားဖြည့်တင်းမှုအ ဖြစ် ရိုးမားကလည်း ဆတ်ဆူလိုမှပြင်သစ်တိုက်စစ်မှူး ဒီဖရေးကိုယူရို ၂၃ သန်းနှင့် ငါးနှစ်စာချုပ် ၍ ခေါ်ယူလိုက်သည်။

ဒီဖရေး (၂၆)နှစ်က ရိုးမား အသင်းသို့ ပြောင်းရွှေ့လာရသ ဖြင့် ဝမ်းမြောက်မိကြောင်း ပြော ကြားသည်။

၎င်းသည် ယခင်က လက်တွဲခဲ့ဖူးသော ဆတ်ဆူလိုနည်းပြ ဟောင်း ဒီဖရန်ဆက်စကိုရှိရာ ရိုးမားသို့ ရောက်ရှိလာခြင်းဖြစ် သည်။