Live Score

 

အသင်းပြောင်းမည်ဟု သတင်းထွက်နေသော နိုင်ဂိုလန် ရိုးမားနှင့် စာချုပ်သစ်ချုပ်ဆို

ချယ်လ်ဆီး၊ မန်ယူနှင် အင်တာမီလန်အသင်းများသို့ ပြောင်းရွှေ့တော့မည်ဟု သတင်း များထွက်ပေါ်ခဲ့သော ဘယ်လ်ဂျီ ယံကွင်းလယ်လူ နိုင်ဂိုလန်သည် ရိုးမားတွင် ၂၀၂၁ အထိ ဆက်ရှိ နေမည့်စာချုပ်သစ်တစ်ရပ် လက် မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။

 

နိုင်ဂိုလန်ကို ခေါ်ယူရန် ကြိုး စားနေသည်ဟု ရိုးမား၏ စီးရီး အေပြိုင်ဘက် အင်တာမီလန် နည်းပြ စပယ်လက်တီက ပြော ကြားခဲ့ပြီး ချယ်လ်ဆီးက ပြီးခဲ့ သည့် နွေရာသီတွင် ခေါ်ယူရန် ကြိုးစားဖူးကာ မန်ယူက စိတ်ဝင် စားသည်ဟု သတင်းများထွက်ခဲ့ သော်လည်း နိုင်ဂိုလန်နှင့် စာချုပ် သစ်ချုပ်ရန် ပြီးခဲ့သည့် သီတင်း ပတ်က သဘောတူထားပြီးဖြစ် သည်ဟု ရိုးမားအသင်းဥက္ကဋ္ဌ ပါလော့တာက ပြောကြားသည်။

နိုင်ဂိုလန် (၂၉)နှစ်သည် ရိုး မားနှင့် ၂၀၂၀ အထိ စာချုပ်သက် တမ်းရှိပြီး ယခုတစ်နှစ်သက်တမ်းတိုးခြင်းဖြစ်သည်။

၂၀၁၄ ဇန်န၀ါရီက ဂယ်ဂ လီယာရီမှ ကနဦးအငှားစာချုပ် ဖြင့် ရောက်လာခဲ့ပြီးနောက် အ ပြောင်းအရွှေ့ကာလတွင် အပြီး သတ်စာချုပ်ချုပ်ခဲ့သော နိုင်ဂိုလန် သည် ပြီးခဲ့သည့် ရာသီက ရိုးမား အတွက် လိဂ်ပွဲ ၃၇ ပွဲတွင် ၁၁ ဂိုး သွင်းယူခဲ့သည်။

နိုင်ဂိုလန် ရိုးမားတွင် ဆက် ရှိနေမည်ဖြစ်၍ ၀မ်းသာမိကြောင်း ပါလော့တာက ပြောကြားသည်။

နိုင်ဂိုလန်သည် ကွင်းလယ် တွင် ကမ္ဘာ့အကောင်းဆုံးကစား သမားများအနက် တစ်ဦးဖြစ် သောကြောင့် ဥရောပအသင်းကြီး များက ခေါ်ယူရန် စိတ်ဝင်စားခြင်း သည် အံ့သြစရာမဟုတ်ဟု ၎င်း ကပြောသည်။