Login

Live Score

 

ပြိုင်ဘက်များ အင်အားတောင့်တင်းလာသဖြင့် ဆုဖလားကာကွယ်ရန် ဂျူဗင်တပ်အခက်ကြုံနိုင်ဟု အယ်လီဂရီပြောကြား

စီးရီးအေတွင် ပြိုင်ဘက် အသင်းများအင်အားတောင့်တင်း လာသဖြင့် လာမည့်ရာသီ၌ ဂျူ ဗင်တပ်၏ ဖလားကာကွယ်ရေး တိုက်ပွဲသည် ပို၍ ခက်ခဲနိုင် ကြောင်း ဂျူဗင်တပ်နည်းပြ အယ် လီဂရီက ပြောကြားသည်။


စီးရီးအေဖလားကို ခြောက် နှစ်ဆက်တိုက်ရရှိထားသော ဂျူ ဗင်တပ်အနေဖြင့် ခုနစ်နှစ်ဆက် တိုက် ဖလားရရှိရေးတိုက်ပွဲသည် ရှုပ်ထွေးလိမ့်မည်ဖြစ်သော်လည်း ဖလားရရှိရေးသည် မိမိတို့၏ အဓိကရည်မှန်းချက်ဖြစ်သည်ဟု အယ်လီဂရီက ပြောသည်။

ပြီးခဲ့သည့် ရာသီက ရိုးမား သည် ၎င်းတို့၏ ရာဇ၀င်တွင် စံ ချိန်တင်ရမှတ်အဖြစ် ၈၇ မှတ်ရရှိ ခဲ့ပြီး လာမည့်ရာသီတွင် မိမိတို့၏ အဓိက ပြိုင်ဘက်ဖြစ်လာနိုင်သော နာပိုလီ၊ အေစီမီလန်နှင့် အင်တာမီလန်တို့လည်း ဖလားအတွက် စိန်ခေါ်လာနိုင်သည်ဟု အယ်လီဂရီက ပြောသည်။

ပိုင်ရှင်အသစ် ပြောင်းလဲ သွားသော အေစီမီလန်သည် လာ မည့်ရာသီအတွက် ကြိုတင်ပြင် ဆင်မှုအဖြစ် ကစားသမားသစ် များခေါ်ယူအားဖြည့်ထားပြီး တစ် ချိန်က အောင်မြင်မှုများ ပြန်ရရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ပိုင်ရှင် သစ်က ပြောကြားထားသည်။

ဂျူဗင်တပ်သည် ၎င်းတို့၏ ဘရာဇီးညာနောက်ခံလူ အဲလ် ဗက်စ်ကို ပီအက်စ်ဂျီသို့ ရောင်းချပြီး ချယ်လ်ဆီးက ယူရိုသန်း ၆၀ အထိပေး၍ ကမ်းလှမ်းရန် ပြင် ဆင်ထားသော ဘယ်နောက်ခံလူ အဲလက်စ်ဆန်းဒရို့စ်ကို ရောင်းချ မည်မဟုတ်ဟု အယ်လီဂရီက အ ခိုင်အမာပြောကြားသည်။

နောက်ခံလူ ဘိုနူချီကို ယူရို ၄၂ သန်းဖြင့် အေစီမီလန်သို့ ရောင်းချခဲ့ပြီးနောက် ဂျူဗင်တပ် က ၎င်းတို့၏ အမာခံကစားသမား များကို ဆက်ထိန်းထားရန် ကြိုး စားနေသည်။

ဂျူဗင်တပ်သို့ ဘာနာဒက်ချီ နှင့် အခြားသော ကစားသမား များရောက်ရှိလာမှုနှင့်အတူ မိမိ တို့အသင်းသည် ပြိုင်ဘက်အား လုံးနှင့် ယှဉ်ပြိုင်နိုင်သောအဆင့်ရှိ သည်ဟု ယုံကြည်ကြောင်း အယ် လီဂရီက ပြောကြားသည်။