Live Score

 

လူးကပ်စ်ဘစ်ဂလီယာက အသင်းကို မြှင့်တင်ပေးနိုင်ကြောင်း အေစီမီလန်နည်းပြ မွန်တဲလား ပြောကြား

အီတလီစီးရီးအေပွဲစဉ် (၃) အဖြစ် ယနေ့ညကစားမည့် လာဇီယိုနှင့်ပွဲတွင် အာဂျင်တီးနား ကွင်းလယ်ကစားသမား လူး ကပ်စ်ဘစ်ဂလီယာ (၃၁)နှစ်က အသင်းကို အဆင့်မြှင့်တင်ပေးနိုင် ကြောင်း အေစီမီလန်နည်းပြ မွန် တဲလားက ပြောသည်။

 

ဘစ်ဂလီယာသည် ယခုအ ပြောင်းအရွှေ့ဈေးကွက်တွင် လာ ဇီယိုမှ ပြောင်းရွှေ့ကြေး ယူရို ၁၇ သန်းခန့်ဖြင့် အေစီမီလန်သို့ ရောက်ရှိလာသူဖြစ်ပြီး ၂၀၂၀ မတိုင်မီအထိ ရှိနေမည့်စာချုပ်၌ လက်မှတ်ရေးထိုးခဲ့သည်။

ယင်းပွဲမှာ ဘစ်ဂလီယာအ တွက် သာမန်ပွဲမဟုတ်ကြောင်း၊ သို့သော် ၎င်းအနေဖြင့် ခြေစွမ်း ကောင်းကောင်းပြနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ ပါးနပ်သည့်ကစားသမားဖြစ်၍ ၎င်းထံက များစွာမျှော်လင့်ထားကြောင်း မွန်တဲလားက ပြောသည်။

အေစီမီလန်၏ အရည်အ ချင်းအစစ်အမှတ်ကို ယခုပွဲက ပထမဆုံးစမ်းသပ်မှု ဖြစ်၊ မဖြစ် နှင့်ပတ်သက်၍ မေးမြန်းခံရစဉ် မွန်တဲလားက ‘‘ဒါက ဒီရာသီမှာ ကျွန်တော်တို့ရဲ့ ခုနစ်ပွဲမြောက် တရားဝင်ပွဲပါ။ အားလုံးက ခက် ခဲခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အသစ်ကျပ်ချွတ်အသင်းဖြစ်ပြီး အတူတူလေ့ကျင့်ထားမှု သိပ်မရှိ တဲ့ ကစားသမားတွေရှိပါတယ်။ ဒါကြောင့် ပုံစံကောင်းရှာတွေ့ဖို့ အချိန်အနည်းငယ်လိုအပ်ပါလိမ့် မယ်’’ဟု ဖြေကြားသည်။

လာဇီယိုသည် အတွေ့အ ကြုံကြွယ်ဝပြီး ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်ထားနိုင် သည့် အသင်းဖြစ်ကြောင်း၊ နည်း ပြအင်ဇာဂီသည် ကစားသမား များ၏ ကစားပုံကို ချိန်ညှိနှိုင်ပြီး အ၀တ်လဲခန်းတွင် ကစားသမား များအပေါ် သြဇာညောင်းသူဖြစ် ကြောင်း မွန်တဲလားက ထပ် လောင်းပြောကြားသည်။

ထိုအတောအတွင်း စက်တင်ဘာ ၁၁ ရက်၌ ဘိုလော့နာနှင့်ကစားမည့် နာပိုလီအသင်းလူ စာရင်းတွင် အဓိကကစားသမား ဟမ်ဆစ်ပါဝင်မည်မဟုတ်ဟု ဆိုသည်။ ဟမ်ဆစ်သည် ဆလိုဗက်ကီးယားနှင့်အတူ နိုင်ငံတကာပွဲကစားထားသဖြင့် ပင်ပန်းနွမ်းနယ်နေပြီး ယင်းပွဲတွင် အနားပေးခံရလိမ့်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။