Live Score

 

ဂိုးသွင်းနိုင်ရေး ဟီဂူအင် စိတ်အေးအေးထားရန်လိုဟု ဒိုင်ဘာလာဆို

ယခုဘောလုံးရာသီတွင် ဂိုးရရန် ရုန်းကန်နေရသော တိုက်စစ်လက်တွဲဖော် ဟီဂူအင်အနေ ဖြင့် စိတ်အေးအေးထားပြီး ဂိုးသွင်းနိုင်မည်ဟု ယုံကြည်စိတ်ချထား ရန် လိုအပ်ကြောင်း အသင်းဖော် ပေါ်လိုဒိုင်ဘာလာက အားပေး စကားပြောကြားသည်။

 

ဂျူဗင်တပ်သည် ရာသီအစ စီးရီးအေ ခြောက်ပွဲစလုံး အနိုင် ရထားပြီး စနေနေ့က တိုရီနိုကို ၄-၀ ဂိုးဖြင့် နိုင်သော ပွဲတွင် ဒိုင်ဘာလာက နှစ်ဂိုးသွင်းယူခဲ့သည်။


ဒိုင်ဘာလာက  ၁၀ ဂိုး သွင်းယူထားသော်လည်း ဟီဂူအင်က နှစ်ဂိုးသာ သွင်းယူနိုင်သေးသည်။သို့သော်ယမန်နှစ် ရာသီအစတွင် အလားတူ မိမိလည်း ဂိုးပေါက်ပျောက်ဖူးသဖြင့် ဟီဂူအင်အနေ ဖြင့် ပုံမှန်ခြေစွမ်းပြန်ရမည်ဟု ဒိုင်ဘာလာက ယုံကြည်နေသည်။

‘‘တိုက်စစ်မှူးတစ်ယောက် အနေနဲ့ ဂိုးမသွင်းနိုင်တာ မကောင်းဘူးဆိုတာ ထင်ရှားပါတယ်။ ဒါ ပေမဲ့ သူအနေနဲ့ စိတ်အေးအေး ထားရပါမယ်။ သူမမျှော်လင့်တဲ့ အချိန်မှာ ဂိုးတွေ ရောက်လာပါ လိမ့်မယ်။ ကျွန်တော်လည်း မနှစ် က ဂိုးသွင်းဖို့ ရုန်းကန်ခဲ့ရတာပါ။ ဒါပေမဲ့ စပြီး ဂိုးသွင်းလိုက်ပြီဆိုရင် ရှေ့ဆက်အဆင်ပြေသွားပါပြီ’’ဟု ဒိုင်ဘာလာက ၎င်း၏အတွေ့အ ကြုံနှင့်ယှဉ်၍ အသင်းဖော် ဟီဂူ အင်ကို အားပေးစကားပြောကြား သည်။ ထိုအတောအတွင်း စီးရီး အေပွဲစဉ်များတွင် ထိပ်ဆုံးရှိ နာပို လီနှင့် ဂျူဗင်တပ်တို့ နိုင်ပွဲများ ရ ခဲ့သလို အင်တာမီလန်ကလည်း ဂျီနိုအာကို နောက်ကျဂိုးတစ်ဂိုး တည်းဖြင့် အနိုင်ရရှိခဲ့သည်။ ရာ သီအကြိုကာလ ပြင်ဆင်မှုအများအပြား ပြုလုပ်ခဲ့သော အေစီမီလန်က ဆမ်ဒိုးရီးယားကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ လာဇီယိုက ဗီရိုနာ ကို ၃-၀ ဂိုးဖြင့် အနိုင်ရပြီး စတုတ္ထ နေရာ၌ ဆက်လက်ရပ်တည်နေ သည်။