Live Score

 

လာဇီယို၏ တန်ပြန်တိုက်စစ်အလွန်အန္တရာယ်ရှိဟု ဂျူဗင်တပ်နည်းပြပြောကြား

ယနေ့ညတွင် ရင်ဆိုင်ရမည့် လာဇီယိုအသင်းသည် တန်ပြန်တိုက်စစ်မှတစ်ဆင့် အလွန်အန္တရာယ်ပေးနိုင်သောအသင်း ဖြစ်သဖြင့် ယင်းပွဲတွင် မိမိတို့အမှားလုပ်၍မရဟု ဂျူဗင်တပ်နည်းပြ အယ်လီဂရီကပြောကြားသည်။

 

လောလောဆယ်တွင် ဂျူ ဗင်တပ်နှင့် အင်တာမီလန်သည် နာပိုလီအောက်နှစ်မှတ်လျော့ နည်းပြီး ၁၉ မှတ်ကိုယ်စီဖြင့်ရှိနေကာ လာဇီယိုမှာ ၎င်းတို့ထက် သုံးမှတ်လျော့နည်းသည်။

လာဇီယိုသည် ယခုရာသီ ပထမပွဲတွင် ဂျူဗင်တပ်ကို ၂-၀ ဂိုးဖြင့် ရှုံးနေရာမှ ၃-၂ ဂိုးဖြင့် ပြန် အနိုင်ရခဲ့ပြီး စူပါကိုပါဖလားရရှိခဲ့ သည်။

လာဇီယိုနှင့် ရင်ဆိုင်ရာတွင် တန်ပြန်တိုက်စစ်ကို လုံးဝခွင့်ပြု၍ မရဟု ဂျူဗင်တပ်နည်းပြ အယ်လီ ဂရီက ပြောသည်။

လာဇီယိုသည် စုစည်းမှုအား ကောင်းသော အသင်း၊ နည်းပြ ကောင်းသောအသင်းဖြစ်ပြီး ၎င်း တို့နှင့် ရင်ဆိုင်ရမည့်ပွဲသည် ခက်ခဲသောပွဲဖြစ်မည်ဟု ၎င်းက ပြောသည်။

ထို့အပြင် အယ်လီဂရီက အခုရာသီတွင် နာပိုလီ၊ ရိုးမား အင်တာ၊ အေစီနှင့် လာဇီယိုတို့ ဂျူဗင်တပ်ကို အနိုင်ယူကာ ဖလားရရန် ကြိုးစားလိမ့်မည်ဟု ပြောသည်။